Tuesday, January 20, 2009

အိမ်လေးတစ်လုံး ဆောက်ကြည့်နေတာပါ......ကျွမ်းကျင်တဲ့ လက်သမားမဟုတ်ခဲ့တဲ့ ကျွန်တော့ အတွက်တော့
လှပသေသပ်တဲ့ အိမ်လေးမဖြစ်သေးပါဘူး.......ခိုင်ခန့် ခန်းနားခြင်းလည်းမရှိတဲ့ အိမ်ပါ...
ဧည့် လာရင်တောင် ဧခံဖို့အတွက် ဧည့်ခန်း အိပ်ခန်းတွေ စနစ်တကျမဖွဲ့စည်းရသေးတဲ့ အိမ်လေးပါ...
အမိုးလဲ မလုံသလို ကြမ်းလည်းမကျွံအောင်လို့ မြေညီ တဲကုတ်လေးပါ...ကြယ်တွေရေတွက် လရောင်ကိုခတ်သောက်ရင်း စိတ်ကူးတွေဖြန့်ထားတဲ့ အိမ်လေးပါ...မြက်ရိုင်းပင်တွေလို လေအသော့မှာ ကခုန်ရင်း ဒီရင်ခွင်မှာ လေဟုန်စီးမဲ့ ကျွန်တော့အတွက်တော့ နန်းတော်ကြီးတစ်ဆောင်ပေါ့လေ.......လှိုင်းတွေဘယ်လောက်ပဲ ကြမ်းနေပါစေ.....မကြောက်တမ်းပေါ့... ကမ်းမမြင် လမ်းမမြင် ဘ၀ပင်လယ်ကို ကူးဖြတ်ဖိုချွေးသိပ်ဖြေရာ...
နားခိုရာ...အားသစ်တွေမွေးဖွားရာ.......ဒါတွေအားလုံးတွေ ပိုင်ဆိုင်ရာ ဒုတိယ ချစ်သူ ဆိုတဲ့ ကျွန်တော့် အိမ်လေးပေါ့.......
သနပ်ခါးမွှေးမွှေး
ပါးဖွေးဖွေးကို
မွှေးမွှေးလေးပဲ ပေးချင်တယ်......

မောင်လှမျိုး(ချင်းချောင်းခြံ)